Monday, March 23, 2009

အချစ်နဲ.ပတ်သတ်လို. .............ကျွန်မအကြောင်း (၁)

အချစ်နဲ.ပတ်သတ်လို. ကျွန်မမှာ share ချင်တာတွေအများကြီးပါဘဲ။ တကယ်တော့ အချစ်နဲ.ပတ်သတ်လာရင် ကျွန်မကိုယ်ကျွန်မ နားမလည်တာတွေ များပါတယ်။ တစ်ခါတစ်လေ ကျွန်မလုပ်တဲ့ အရာတွေဟာ ကျွန်မကိုယ်ကျွန်မတောင်မယုံနိုင်အောင်ပါဘဲ။ ပြောရမယ်ဆိုရင်တော့..............။ ကျွန်မက အရမ်းစိတ်ကစားလွယ်တဲ့သူတစ်ယောက်ပါ။ ကောင်လေးချောချော ခန်.ခန်.များတွေ.ပြီဆိုရင် စိတ်ထဲကနေအရင်ဆုံး ပြစ်မှားတတ်ပါတယ်။ ဒါကတော့လူတိုင်းနီးပါး အဲဒီလိုဘဲဖြစ်မှာပါ။အမှန်တော့ကျွန်မကြိုက်ခဲ့တဲ့သူတွေကအများကြီးပါဘဲ။ဒါပေမဲ့ မှတ်မိသလောက်ဘဲပြောပြပါတော့မယ်။ကျွန်မမှာထူးဆန်းတဲ့အကျင့်လေးတစ်ခုရှိပါတယ်။ ကျွန်မကသူတို.ကိုကြိုက်တာ ကြိုက်တာ သူတို.ကို Flirt လုပ်ဖို.၊ သူတို.နဲ.စကားပြော အပေါင်းအသင်းလုပ်ဖို.ကျွန်မမှာသတ္တိမရှိခဲ့ပါဘူး။လုပ်လဲမလုပ်ချင်ပါဘူး။ ပြီးတော့ တစ်ခုခုကိုခံစားရပြီဆိုရင်ကျွန်မက သူငယ်ချင်းတွေနဲ.လဲမတိုင်ပင်တတ်သလို၊ကျွန်မစိတ်ထဲမှာရှိနေတာကိုလဲ ဘယ်တော့မှ ပြောမပြတတ်ပါဘူး။ဘာလို.လဲဆိုတော့ ပြောပြီးရင်ကျွန်မရဲ့စိတ်တွေ ပြောင်းသွားမယ်ဆိုတာ ကျွန်မကိုယ်ကျွန်မသိ လို.ပါ ဘဲ။ အဲဒီလိုမပြောဘဲနေလာတာကတော့ ၁၀တန်းပြီး တဲ့အထိပါဘဲ။ ၁၀တန်းပြီးတော့ ကျွန်မ university စတက်ပါတယ်။ အဲဒီမှာကောင်လေး တစ်ယောက်ကိုတော်တော် ကြိုက်ခဲ့တယ်။ သူကရုပ်လဲမချောပါဘူး၊ style လဲမကျပါဘူး၊ပြီးတော့ကြောက်တတ်တဲ့အပြင် နွဲ.တောင်နေသေး၊ ဒါပေမဲ့စ ကြိုက်တုန်းကတော့ဒါတွေကို လုံးဝမမြင်ခဲ့မိဘူး။အချစ်မှာမျက်စိမပါဘူးဆိုသလိုပေါ့။အဲဒီတုန်းကဘယ်လောက်ထိတောင်ရူးသွပ်လဲဆိုရင် သူကတောင်propose မလုပ်သေးဘူး ကိုယ်က လက်ထက်ဖို.အထိတောင်တွေးခဲ့တာ။ သူကလဲကိုယ့်ဆိုရင်အရမ်းဦးစားပေးသလို၊ကျောင်းမှာလဲနေရာတကာပါတယ် လေ။အဲဒီလိုဦးဆောင်နိုင်တဲ့အရည်အချင်းတွေကို သဘောကျပြီး စိတ်ထဲမှာကြိတ်ပျော်မိတတ်တယ်။နောက်ပိုင်း ကိုယ်ကသာ သူဘယ်တော့propose လုပ်မလဲစောင့်နေတာ၊နောက်ကွယ်မှာ တခြားကောင်မလေးတွေနဲ.လျှောက်သွားတဲ့သတင်းတွေကိုကြားနေရတယ်။အစကတော့ ဒီလောက်လေးတော့နားလည်သင့်ပါတယ်လို. ကိုယ့်ကိုယ်ကိုဖြေသိမ့်သေးတယ်။နောက်တော့ သတင်းတွေကတဖြေးဖြေးမကောင်းတာနဲ.သူ.ကိုမေ့ဖို.ဆုံးဖြတ်လိုက်တယ်။ဘယ်လောက်မှမကြာပါဘူး၊သူ.ကိုမေ့တဲ့အပြင် လုံးလုံးကြီးကိုဂရုမစိုက်တော့တဲ့အထိကိုဖြစ်သွားတယ်။ အဲဒါကတော့ တကယ့်အချစ်စစ်မဟုတ်လို.ပေါ့နော်။

No comments:

Post a Comment