နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်..........................................နောက်တစ်ပုဒ်ကတော့ ရင်နာနာနဲ.ပဲပြောရမှာပါလား။ သူက high schoolကျောင်းနေဖက်သူငယ်ချင်း။အရင်က ကျွန်မသူငယ်ချင်းရဲ.ရည်းစားဟောင်း။သူတို.ရည်းစားမဖြစ်ခင် ကတည်းက သူ.ကိုကျွန်မတိတ်တခိုးစိတ်ဝင်စားနေတာ။ သူတို.ရည်းစားဖြစ်တော့လဲ ကျွန်မသူတို.ကိုကူညီပေးခဲ့တယ်။ဒါပေမဲ့ jealous တော့မဖြစ်ခဲ့ပါဘူး၊ ငယ်သေးလို.လား၊ကျွန်မကိုယ်တိုင်ကိုက အချစ်နဲ.ပတ်သက်ရင် jealous မဖြစ်တတ်လို.လားတော့မသိပါဘူး။ သူတို.၂ယောက်ရည်းစားသက်တမ်းဟာ ရည်းစားဖြစ်ပြီးသိပ်မကြာခင်မှာပဲ ပြတ်သွားခဲ့တယ်။အဲဒီမှာ ကောင်လေး အမှားမပါ ပါဘူး။ကောင်မလေးက reason မပေးဘဲ blind ကြီုးကိုဖြတ်တာ။ဒါကတော့ကောင်မလေးကိုလဲအပြစ်တင်လို.မရပါဘူး။လူ.စိတ် ဆိုတာပြောင်းလဲတတ်တယ်လေ။ ထားပါတော့။ အဲဒါနဲ.ကောင်လေးနဲ.ကျွန်မနဲ.အဆက်အသွယ်တော်တော်ကြီးပြတ်ခဲ့တယ်၊ ဒါပေမဲ့တစ်ခုခုဆိုရင်ကျွန်မ စိတ်ထဲမှာ သူ.ကိုဘဲ သတိရမိတယ်။ သူအိမ်ပြောင်းသွားတယ်။သူ.အိမ်ဖုန်းကိုလိုချင်တယ်။သူငယ်ချင်းတွေကိုမေးလိုက်ရင်လွယ်လွယ်လေးဘဲ၊ ဒါပေမဲ့ကျွန်မ မမေးခဲ့ဘူး၊ သိသွားမှာကြောက်နေတယ်၊ပြီးတော့ ရှက်လဲရှက်တယ်၊သူ.ကို Friendster မှာရှာတယ်၊ သူ.နာမည်နဲ. email လိုက် add တယ်။မတွေ.ဘူး။ ဖြစ်ချင်တော့...သူငယ်ချင်းတစ်ယောက်က high school friends' mails ဆို ပြီး mail ပို.လိုက်တဲ့ထဲမှာပါလာတယ်။ အဲဒါနဲ.သူ.ကို add ရင်ကောင်းမလားစဉ်းစားသေးတယ်၊နောက်ဆုံးတော့ add ချင်တဲ့ဘက်က အားသာတာနဲ. သူ.ကို invite လုပ်လိုက်တယ်။ နောက်ပိုင်း online ၀င်ရင်လဲ သူ များရှိမလားလို.ရှာကြည့်မိသေး။ သူနဲ. online မှာတခါတလေ မှဘဲတွေ.ဖြစ်တယ်။ သူနဲ.online မှာတွေ.တော့လဲ သူ အဲဒီကောင်မလေးအတွက်ဘယ်လောက်ခံစားနေရကြောင်း အဲဒီကောင်မလေးဘာလုပ်နေလဲဆိုတာသိချင်ကြောင်း ကျွန်မကို အမြဲ ရင်ဖွင့်တယ်။ကျွန်မလဲ သူ.ကို အဲဒီကောင်မလေးကိုမေ့ဖို.အမြဲ ပြောရတယ်။ကျွန်မ jealous ဖြစ်လို.မဟုတ်ဘူး။သူခံစားနေရတာကိုကျွန်မ မကြည့်ရက်လို.။ ဒီလိုနဲ.အချိန်တွေတော်တော် ကြာပြီး မမျှော်လင့်တဲ့နေ.လေးတစ်ရက်မှာ သူကျွန်မဆီ ဖုန်းဆက်တယ်။ကျွန်မအရမ်းအံ့သြ သွားတယ်။နောက်တစ်နေ.လဲသူထပ်ဆက်တယ်။ကျွန်မက အိမ်ကြောက်တတ်တဲ့သူဆိုတော့ အိမ်ကသိသွားမှာကြောက်လို. သူ.ကို မဆက်နဲ.တော့လို.ပြောလိုက်မိတယ်။ အဲဒီနောက်ပိုင်းသူမဆက်တော့ပါဘူး။ တော်တော်လေးကြာတော့သူ.ကို online မှာမကြာမကြာပြန် တွေ.ဖြစ်တယ်။ အဲဒီနောက် တစ်နေ.မှာ သူကပြောတယ် i love you တဲ့။ ကျွန်မလဲ နောက်တယ်ဘဲ ထင်တာ ပေါ့။ ကျွန်မ ထင်တာက သူက ကျွန်မကို ယောက်ျားလေး တစ်ယောက်လိုဘဲ သဘောထားတယ် လို.ပေါ့။ဘာဖြစ်လို.လဲဆိုတော့ ကျွန်မက မိန်းကလေးလို မနေတတ်ဘူး၊မိန်းမ မဆန်ဘူးလေ။ ပြီးတော့ သူက တခါတလေ ကျွန်မကို ဟေ့ကောင် လို.ခေါ်တော့ ကျွန်မစိတ်ထဲမှာ သူကကျွန်မကိုမိန်းကလေးတစ်ယောက်လို.မမြင်ဘူးလို.ထင်ထားတာ။ ပြီးတော့ သူနဲ.က အပြင်မှာမတွေ.တာ တော်တော်ကို ကြာပြီလေ။အဲဒီလို i love you ပြောတော့ကျွန်မကလဲ နောက်တယ် ထင်လို. ပြန်နောက်လိုက်တာပေါ့။ညကျတော့ ဖုန်းဆက်လာတယ်။တကယ်ပြောတာတဲ့။မယုံနိုင်လောက်အောင်ပါဘဲ။အဲဒီလိုနဲ.နေ.တိုင်းဖုန်းပြောဖြစ်ခဲ့တယ်။ အစပိုင်းတော့ သူနဲ.တော်တော် စကားပြောဖြစ်၊ အဆင်ပြေနေခဲ့ပါတယ်။နောက်တော့...... ကျွန်မစိတ်အပြောင်းအလဲမြန်တယ်ဘဲ ပြောရမလား၊ သိပ်စဉ်းစားလွန်းတယ်ပြောရမလား။ သူ.အပေါ် စိမ်းစိမ်းနေချင်လာတယ်။ မိဘတွေရိပ်မိတာလဲပါ တာပေါ့လေ။ ကျွန်မက လွတ်လွတ်လပ်လပ်နေတတ်သူတစ်ယောက်ဆိုတော့ မိဘတွေရိပ်မိ၊ စိတ်ပူပြီး အနောက်က မျက်စိဒေါက်ထောက်ကြည့်မှာကိုမလိုလားဘူးလေ။အဲဒီလို မလွတ်မလပ် နေရမှာကို ကျွန်မ မကြိုက်ဘူးလေ။ပြီးတော့ ကျွန်မက လွတ်လပ်မှုကိုအရမ်းတန်ဖိုးထားတတ်တယ်လေ။ အင်း…..ထားပါတော့။ အဲဒီလိုနဲ. သူ.ကို……….........................
(ဆက်ရန်)
Thursday, April 2, 2009
Monday, March 23, 2009
အချစ်နဲ.ပတ်သတ်လို. .............ကျွန်မအကြောင်း (၂)
နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်..............................................
ကျွန်မက chatting ထိုင်ပါတယ်။ဒါပေမဲ့ crazy ဖြစ်လောက်တဲ့အထိတော့မထိုင်ပါဘူး။ တစ်နေ.မှာပေါ့... Gtalk ကနေ ကျွန်မဘယ်တုန်းက add ထားမှန်းမသိတဲ့သူတစ်ယောက်နဲ.chat ဖြစ်တယ်။တိုက်တိုက်ဆိုင်ဆိုင် သူကလဲ နိုင်ငံခြားမှာ၊ကျွန်မကလဲနိုင်ငံခြားကိုသွားဖို.ပြင်ဆင်နေတာ။အဲဒီလိုနဲ.စကားလေးတွေဆက်မိ၊ဓာတ်ပုံတွေအပြန်အလှန်ပို.ရင်း ကျွန်မဘက်ကရင်တွေခုန်ခဲ့မိတယ်။အဲဒါကိုသူလဲရိပ်မိနေလို. သူကလဲ ယောက်ျားပီပီပြန်Qတယ်။ ဖြစ်ချင်တော့သူက မြန်မာနိုင်ငံကိုပြန်လာတော့ ကျွန်မသူနဲ.လုံးဝမတွေ.ဖို.ဆုံးဖြတ်ထားတယ်။ဒါပေမဲ့အခြေအနေဖန်လာတော့ သူနဲ.ကျွန်မနဲ.အပြင်မှာစတွေ.တဲ့နေ.မှာဘဲ ရည်းစားဖြစ်သွားကြတယ်။ကျွန်မလဲစဉ်းတောင်မစဉ်းစားဘဲသူ.ကိုအဖြေပေးမိတယ်။အဲဒါကျွန်မ အမှားဘဲ။ အဲဒီတော့အချစ်ကပေါ့ပေါ့တန်တန်ဖြစ်သွားတာပေါ့။ ကျွန်မသူနဲ.တွဲရင်းသူ.အကြောင်းတွေသိလာတာနဲ.အမျှကြောက်လာပြီး သူ.ကို စဖြတ်ခဲ့တယ်။အမှန်တော့သူနဲ.တွဲတာ ၁ ပတ်တောင်မပြည့်ပါဘူး။သူက ယောက်ျားတာဆိုတယ် မာနက တခွဲသား။ စစဖြတ်ချင်းလိုက်ဆက်တယ်၊နောက်တော့လဲ ပြီးသွားတာပါပဲ။
ကျွန်မက chatting ထိုင်ပါတယ်။ဒါပေမဲ့ crazy ဖြစ်လောက်တဲ့အထိတော့မထိုင်ပါဘူး။ တစ်နေ.မှာပေါ့... Gtalk ကနေ ကျွန်မဘယ်တုန်းက add ထားမှန်းမသိတဲ့သူတစ်ယောက်နဲ.chat ဖြစ်တယ်။တိုက်တိုက်ဆိုင်ဆိုင် သူကလဲ နိုင်ငံခြားမှာ၊ကျွန်မကလဲနိုင်ငံခြားကိုသွားဖို.ပြင်ဆင်နေတာ။အဲဒီလိုနဲ.စကားလေးတွေဆက်မိ၊ဓာတ်ပုံတွေအပြန်အလှန်ပို.ရင်း ကျွန်မဘက်ကရင်တွေခုန်ခဲ့မိတယ်။အဲဒါကိုသူလဲရိပ်မိနေလို. သူကလဲ ယောက်ျားပီပီပြန်Qတယ်။ ဖြစ်ချင်တော့သူက မြန်မာနိုင်ငံကိုပြန်လာတော့ ကျွန်မသူနဲ.လုံးဝမတွေ.ဖို.ဆုံးဖြတ်ထားတယ်။ဒါပေမဲ့အခြေအနေဖန်လာတော့ သူနဲ.ကျွန်မနဲ.အပြင်မှာစတွေ.တဲ့နေ.မှာဘဲ ရည်းစားဖြစ်သွားကြတယ်။ကျွန်မလဲစဉ်းတောင်မစဉ်းစားဘဲသူ.ကိုအဖြေပေးမိတယ်။အဲဒါကျွန်မ အမှားဘဲ။ အဲဒီတော့အချစ်ကပေါ့ပေါ့တန်တန်ဖြစ်သွားတာပေါ့။ ကျွန်မသူနဲ.တွဲရင်းသူ.အကြောင်းတွေသိလာတာနဲ.အမျှကြောက်လာပြီး သူ.ကို စဖြတ်ခဲ့တယ်။အမှန်တော့သူနဲ.တွဲတာ ၁ ပတ်တောင်မပြည့်ပါဘူး။သူက ယောက်ျားတာဆိုတယ် မာနက တခွဲသား။ စစဖြတ်ချင်းလိုက်ဆက်တယ်၊နောက်တော့လဲ ပြီးသွားတာပါပဲ။
အချစ်နဲ.ပတ်သတ်လို. .............ကျွန်မအကြောင်း (၁)
အချစ်နဲ.ပတ်သတ်လို. ကျွန်မမှာ share ချင်တာတွေအများကြီးပါဘဲ။ တကယ်တော့ အချစ်နဲ.ပတ်သတ်လာရင် ကျွန်မကိုယ်ကျွန်မ နားမလည်တာတွေ များပါတယ်။ တစ်ခါတစ်လေ ကျွန်မလုပ်တဲ့ အရာတွေဟာ ကျွန်မကိုယ်ကျွန်မတောင်မယုံနိုင်အောင်ပါဘဲ။ ပြောရမယ်ဆိုရင်တော့..............။ ကျွန်မက အရမ်းစိတ်ကစားလွယ်တဲ့သူတစ်ယောက်ပါ။ ကောင်လေးချောချော ခန်.ခန်.များတွေ.ပြီဆိုရင် စိတ်ထဲကနေအရင်ဆုံး ပြစ်မှားတတ်ပါတယ်။ ဒါကတော့လူတိုင်းနီးပါး အဲဒီလိုဘဲဖြစ်မှာပါ။အမှန်တော့ကျွန်မကြိုက်ခဲ့တဲ့သူတွေကအများကြီးပါဘဲ။ဒါပေမဲ့ မှတ်မိသလောက်ဘဲပြောပြပါတော့မယ်။ကျွန်မမှာထူးဆန်းတဲ့အကျင့်လေးတစ်ခုရှိပါတယ်။ ကျွန်မကသူတို.ကိုကြိုက်တာ ကြိုက်တာ သူတို.ကို Flirt လုပ်ဖို.၊ သူတို.နဲ.စကားပြော အပေါင်းအသင်းလုပ်ဖို.ကျွန်မမှာသတ္တိမရှိခဲ့ပါဘူး။လုပ်လဲမလုပ်ချင်ပါဘူး။ ပြီးတော့ တစ်ခုခုကိုခံစားရပြီဆိုရင်ကျွန်မက သူငယ်ချင်းတွေနဲ.လဲမတိုင်ပင်တတ်သလို၊ကျွန်မစိတ်ထဲမှာရှိနေတာကိုလဲ ဘယ်တော့မှ ပြောမပြတတ်ပါဘူး။ဘာလို.လဲဆိုတော့ ပြောပြီးရင်ကျွန်မရဲ့စိတ်တွေ ပြောင်းသွားမယ်ဆိုတာ ကျွန်မကိုယ်ကျွန်မသိ လို.ပါ ဘဲ။ အဲဒီလိုမပြောဘဲနေလာတာကတော့ ၁၀တန်းပြီး တဲ့အထိပါဘဲ။ ၁၀တန်းပြီးတော့ ကျွန်မ university စတက်ပါတယ်။ အဲဒီမှာကောင်လေး တစ်ယောက်ကိုတော်တော် ကြိုက်ခဲ့တယ်။ သူကရုပ်လဲမချောပါဘူး၊ style လဲမကျပါဘူး၊ပြီးတော့ကြောက်တတ်တဲ့အပြင် နွဲ.တောင်နေသေး၊ ဒါပေမဲ့စ ကြိုက်တုန်းကတော့ဒါတွေကို လုံးဝမမြင်ခဲ့မိဘူး။အချစ်မှာမျက်စိမပါဘူးဆိုသလိုပေါ့။အဲဒီတုန်းကဘယ်လောက်ထိတောင်ရူးသွပ်လဲဆိုရင် သူကတောင်propose မလုပ်သေးဘူး ကိုယ်က လက်ထက်ဖို.အထိတောင်တွေးခဲ့တာ။ သူကလဲကိုယ့်ဆိုရင်အရမ်းဦးစားပေးသလို၊ကျောင်းမှာလဲနေရာတကာပါတယ် လေ။အဲဒီလိုဦးဆောင်နိုင်တဲ့အရည်အချင်းတွေကို သဘောကျပြီး စိတ်ထဲမှာကြိတ်ပျော်မိတတ်တယ်။နောက်ပိုင်း ကိုယ်ကသာ သူဘယ်တော့propose လုပ်မလဲစောင့်နေတာ၊နောက်ကွယ်မှာ တခြားကောင်မလေးတွေနဲ.လျှောက်သွားတဲ့သတင်းတွေကိုကြားနေရတယ်။အစကတော့ ဒီလောက်လေးတော့နားလည်သင့်ပါတယ်လို. ကိုယ့်ကိုယ်ကိုဖြေသိမ့်သေးတယ်။နောက်တော့ သတင်းတွေကတဖြေးဖြေးမကောင်းတာနဲ.သူ.ကိုမေ့ဖို.ဆုံးဖြတ်လိုက်တယ်။ဘယ်လောက်မှမကြာပါဘူး၊သူ.ကိုမေ့တဲ့အပြင် လုံးလုံးကြီးကိုဂရုမစိုက်တော့တဲ့အထိကိုဖြစ်သွားတယ်။ အဲဒါကတော့ တကယ့်အချစ်စစ်မဟုတ်လို.ပေါ့နော်။
Monday, March 16, 2009
မိတ်ဆက်.........
အရင်ဦးဆုံး ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေ။ မိတ်ဆက်မယ်လို.တာပြောရတာ အမှန်တော့ အမည်ရင်းကိုတော့မပြောလိုပါဘူး။ ဒါ့ကြောင့် Emotion လို.ဘဲခေါ် ပါ။ တကယ်တော့ဒီblog ဆိုတာကိုရေးဖို.တစ်ခါမှ မစဉ်းစားပါဘူး။ ဒါပေမဲ့ ရင်ထဲမှာခံစားချက်တွေ ပြင်းထန်၊မြိုသိပ်လာရတာနဲ.အမျှ ဖွင့်ပြောချင်စိတ်တွေဖြစ်ပေါ်လာပါတယ်။ဘေးမှာနားထောင်ပေးမဲ့လူတွေတော့ရှိပါတယ်။ဒါပေမဲ့ လူဆိုတာ သိတဲ့ အတိုင်း ကိုယ်က တိုင်ပင်ပေ မဲ့ သူတို.အမြင် မှာ တစ်မျိုးဖြစ်သွားနိုင်တယ်လေ။ဒါကြောင့် အမည်မဖေါ် ရုပ်မဖော်ဘဲနဲ. ဒီ blog ကို ရေးဖို.ဆုံးဖြတ်လိုက်ပါတယ်။ အားလုံးဘဲ ဝေဖန်ပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Emotion...
16.3.2009
Emotion...
16.3.2009
Subscribe to:
Posts (Atom)