နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်..........................................နောက်တစ်ပုဒ်ကတော့ ရင်နာနာနဲ.ပဲပြောရမှာပါလား။ သူက high schoolကျောင်းနေဖက်သူငယ်ချင်း။အရင်က ကျွန်မသူငယ်ချင်းရဲ.ရည်းစားဟောင်း။သူတို.ရည်းစားမဖြစ်ခင် ကတည်းက သူ.ကိုကျွန်မတိတ်တခိုးစိတ်ဝင်စားနေတာ။ သူတို.ရည်းစားဖြစ်တော့လဲ ကျွန်မသူတို.ကိုကူညီပေးခဲ့တယ်။ဒါပေမဲ့ jealous တော့မဖြစ်ခဲ့ပါဘူး၊ ငယ်သေးလို.လား၊ကျွန်မကိုယ်တိုင်ကိုက အချစ်နဲ.ပတ်သက်ရင် jealous မဖြစ်တတ်လို.လားတော့မသိပါဘူး။ သူတို.၂ယောက်ရည်းစားသက်တမ်းဟာ ရည်းစားဖြစ်ပြီးသိပ်မကြာခင်မှာပဲ ပြတ်သွားခဲ့တယ်။အဲဒီမှာ ကောင်လေး အမှားမပါ ပါဘူး။ကောင်မလေးက reason မပေးဘဲ blind ကြီုးကိုဖြတ်တာ။ဒါကတော့ကောင်မလေးကိုလဲအပြစ်တင်လို.မရပါဘူး။လူ.စိတ် ဆိုတာပြောင်းလဲတတ်တယ်လေ။ ထားပါတော့။ အဲဒါနဲ.ကောင်လေးနဲ.ကျွန်မနဲ.အဆက်အသွယ်တော်တော်ကြီးပြတ်ခဲ့တယ်၊ ဒါပေမဲ့တစ်ခုခုဆိုရင်ကျွန်မ စိတ်ထဲမှာ သူ.ကိုဘဲ သတိရမိတယ်။ သူအိမ်ပြောင်းသွားတယ်။သူ.အိမ်ဖုန်းကိုလိုချင်တယ်။သူငယ်ချင်းတွေကိုမေးလိုက်ရင်လွယ်လွယ်လေးဘဲ၊ ဒါပေမဲ့ကျွန်မ မမေးခဲ့ဘူး၊ သိသွားမှာကြောက်နေတယ်၊ပြီးတော့ ရှက်လဲရှက်တယ်၊သူ.ကို Friendster မှာရှာတယ်၊ သူ.နာမည်နဲ. email လိုက် add တယ်။မတွေ.ဘူး။ ဖြစ်ချင်တော့...သူငယ်ချင်းတစ်ယောက်က high school friends' mails ဆို ပြီး mail ပို.လိုက်တဲ့ထဲမှာပါလာတယ်။ အဲဒါနဲ.သူ.ကို add ရင်ကောင်းမလားစဉ်းစားသေးတယ်၊နောက်ဆုံးတော့ add ချင်တဲ့ဘက်က အားသာတာနဲ. သူ.ကို invite လုပ်လိုက်တယ်။ နောက်ပိုင်း online ၀င်ရင်လဲ သူ များရှိမလားလို.ရှာကြည့်မိသေး။ သူနဲ. online မှာတခါတလေ မှဘဲတွေ.ဖြစ်တယ်။ သူနဲ.online မှာတွေ.တော့လဲ သူ အဲဒီကောင်မလေးအတွက်ဘယ်လောက်ခံစားနေရကြောင်း အဲဒီကောင်မလေးဘာလုပ်နေလဲဆိုတာသိချင်ကြောင်း ကျွန်မကို အမြဲ ရင်ဖွင့်တယ်။ကျွန်မလဲ သူ.ကို အဲဒီကောင်မလေးကိုမေ့ဖို.အမြဲ ပြောရတယ်။ကျွန်မ jealous ဖြစ်လို.မဟုတ်ဘူး။သူခံစားနေရတာကိုကျွန်မ မကြည့်ရက်လို.။ ဒီလိုနဲ.အချိန်တွေတော်တော် ကြာပြီး မမျှော်လင့်တဲ့နေ.လေးတစ်ရက်မှာ သူကျွန်မဆီ ဖုန်းဆက်တယ်။ကျွန်မအရမ်းအံ့သြ သွားတယ်။နောက်တစ်နေ.လဲသူထပ်ဆက်တယ်။ကျွန်မက အိမ်ကြောက်တတ်တဲ့သူဆိုတော့ အိမ်ကသိသွားမှာကြောက်လို. သူ.ကို မဆက်နဲ.တော့လို.ပြောလိုက်မိတယ်။ အဲဒီနောက်ပိုင်းသူမဆက်တော့ပါဘူး။ တော်တော်လေးကြာတော့သူ.ကို online မှာမကြာမကြာပြန် တွေ.ဖြစ်တယ်။ အဲဒီနောက် တစ်နေ.မှာ သူကပြောတယ် i love you တဲ့။ ကျွန်မလဲ နောက်တယ်ဘဲ ထင်တာ ပေါ့။ ကျွန်မ ထင်တာက သူက ကျွန်မကို ယောက်ျားလေး တစ်ယောက်လိုဘဲ သဘောထားတယ် လို.ပေါ့။ဘာဖြစ်လို.လဲဆိုတော့ ကျွန်မက မိန်းကလေးလို မနေတတ်ဘူး၊မိန်းမ မဆန်ဘူးလေ။ ပြီးတော့ သူက တခါတလေ ကျွန်မကို ဟေ့ကောင် လို.ခေါ်တော့ ကျွန်မစိတ်ထဲမှာ သူကကျွန်မကိုမိန်းကလေးတစ်ယောက်လို.မမြင်ဘူးလို.ထင်ထားတာ။ ပြီးတော့ သူနဲ.က အပြင်မှာမတွေ.တာ တော်တော်ကို ကြာပြီလေ။အဲဒီလို i love you ပြောတော့ကျွန်မကလဲ နောက်တယ် ထင်လို. ပြန်နောက်လိုက်တာပေါ့။ညကျတော့ ဖုန်းဆက်လာတယ်။တကယ်ပြောတာတဲ့။မယုံနိုင်လောက်အောင်ပါဘဲ။အဲဒီလိုနဲ.နေ.တိုင်းဖုန်းပြောဖြစ်ခဲ့တယ်။ အစပိုင်းတော့ သူနဲ.တော်တော် စကားပြောဖြစ်၊ အဆင်ပြေနေခဲ့ပါတယ်။နောက်တော့...... ကျွန်မစိတ်အပြောင်းအလဲမြန်တယ်ဘဲ ပြောရမလား၊ သိပ်စဉ်းစားလွန်းတယ်ပြောရမလား။ သူ.အပေါ် စိမ်းစိမ်းနေချင်လာတယ်။ မိဘတွေရိပ်မိတာလဲပါ တာပေါ့လေ။ ကျွန်မက လွတ်လွတ်လပ်လပ်နေတတ်သူတစ်ယောက်ဆိုတော့ မိဘတွေရိပ်မိ၊ စိတ်ပူပြီး အနောက်က မျက်စိဒေါက်ထောက်ကြည့်မှာကိုမလိုလားဘူးလေ။အဲဒီလို မလွတ်မလပ် နေရမှာကို ကျွန်မ မကြိုက်ဘူးလေ။ပြီးတော့ ကျွန်မက လွတ်လပ်မှုကိုအရမ်းတန်ဖိုးထားတတ်တယ်လေ။ အင်း…..ထားပါတော့။ အဲဒီလိုနဲ. သူ.ကို……….........................
(ဆက်ရန်)
Thursday, April 2, 2009
Subscribe to:
Posts (Atom)